Home » » အစ္စရေးတပ်ဖွဲ့ဝင်များအတွက် သီးသန့်ထုတ်လုပ်ပေးမည့် စမတ်ဖုန်း

အစ္စရေးတပ်ဖွဲ့ဝင်များအတွက် သီးသန့်ထုတ်လုပ်ပေးမည့် စမတ်ဖုန်း

Written By Unknown on Monday, January 27, 2014 | 12:37 AM

 
ပြန်ဆိုသူ-WorldWide

အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနသည် လုံခြုံရေးကိစ္စရပ်များဆောင်ရွက်ရန်နှင့် ၄င်းတို့၏ ကာကွယ်ရေး တပ်ဖွဲ့ဝင်များအတွက် Encrypted Mobile Phones 4G Handsets များထောက်ပံ့ပေးနိုင်ရန်အတွက် Motorola ကုမဏီနှင့် စာချုပ်ချုပ်ဆိုခဲ့ပါသည်။ အဆိုပါ အသစ်ထုတ်လုပ်မည့် စမတ်ဖုန်းတွင် SMS Messages ၊ Digital Media နှင့် စစ်မြေပြင်မှ ပေးပို့သော Encrypted Mail အစရှိသည့် လုပ်ဆောင်မှုများ အသုံးပြုနိုင်မည်ဖြစ်ပြီး စမတ်ဖုန်းတွင် Mountain Rose စနစ်ကို အသုံးပြုမည် ဖြစ်ပါသည်။ Mountain Rose Handsets များမှာ စစ်ဘက်သုံးဖုန်းတစ်မျိုးဖြစ်ပြီး ၂၀၀၄ ခုနှစ်မှ စ၍ အသုံးပြုခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် ယခုစနစ်အတွက် Unique Motorola နည်းပညာကို အခြေခံ၍ တည်ဆောက်သွားမည်ဟုလည်း သိရှိရပြီး အစီအစဉ်တစ်ခုလုံးအတွက် ထုတ်လုပ်ရန် ကုန်ကျငွေမှာ ဒေါ်လာ သန်း ၁၀၀ ခန့်မျော်မှန်းထားကာ ၂၀၁၆ ခုနှစ်တွင် စတင်ထွက်ပေါ်လာမည်ဟု ဆိုပါသည်။


အသုံးပြုရန်ရည်ရွယ်ထားသည့် စမတ်ဖုန်းတွင် LTE Network ကိုအသုံးပြု့မည်ဖြစ်ကာ Cellular နှင့် IP networks များအပြင် မနီးမဝေး နေရာများအတွက် Push to Talk (PTT) စနစ်များ ပါဝင်မည် ဖြစ်ပါသည်။ လက်ရှိအသုံးပြုနေသော Mountain Rose Network သည် အစ္စရေးနိုင်ငံ၏ သက်မှတ်ထားသည့် နယ်မြေအတွင်းသာ အသုံးပြုနိုင်သော်လည်း ယခုအသုံးပြုမည့် Network သည် အစ္စရေးတပ်ဖွဲ့ဝင်များအတွက် ပုံမှန်စစ်ဆင်ရေးပြုလုပ်နေကြ နေရာများအားလုံးအတွက် အသုံးပြုနိုင်မည်ဟု သိရပါသည်။


ဖုန်းတွင် Dual-core 1 GHz Processor ၊ မိနစ် ၄၀၀ ကျော်ကြာ၊သို့မဟုတ် နာရီ ၅၀၀ အသင့်အနေအထား ဖြစ်စေရန်ထောက်ပံ့ပေးနိုင်မည့် စွမ်းဆောင်ရည်မြင့်မားသော ဘက်ထရီ (3760mAh) များ ပါဝင်မည်ဖြစ်ပါသည်။ Andriod စနစ်အသုံးပြုမည်ဖြစ်ကာ မျက်နှာပြင်မှာ ၄ လက်မ အရွယ်အစား ရှိပါသည်။ ကင်မရာအနေဖြင့် 8 Megapixel ပါဝင်ပြီး GPS လည်း အသုံးပြုနိုင်မည် ဖြစ်ပါသည်။ ထို့ကြောင့် ယခုထုတ်လုပ်မည့်စမတ်ဖုန်းသည် အနာဂတ်စစ်မြေပြင်အတွက် ပြုပြင်ပြေင်းလဲမှုများ ဖြစ်ပေါ်လာနိုင်သည်ဟု လည်း သုံးသပ်နေကြပါသည်။

======================================
Ref:
http://defense-update.com/20140101_idf-spend-100-million-modernizing-secure-smartphones.html &
TechSpace Journal

0 comments:

Post a Comment

Template information

Facebook Group ၀င်ရန်အောက်ကပုံကိုကလစ်ပါ

ဧည့်သည်တော်များ

My Blog

Copyright ©2013 ပျဉ်မနားသား. Created By Htet Aung Moe(P.M.A)

Total Pageviews

Contact Form

Name

Email *

Message *

Visitors Counter

Androidပေါ်တွင်ကြည့်ရှုရန်

Donate US On PayPal

Copyright © 2013 ပျဉ်းမနားသား.Created By:Htet Aung Moe. Powered by Blogger.

Myanmar Calendar

Ads 468x60px

Social Icons

iPhoneပေါ်တွင်ကြည့်ရန်

Followers