Home » , » iOS 7 တွင် JailBreakမလုပ်ဘဲ Zawgyi Font သွင်းနိုင်ပြီ

iOS 7 တွင် JailBreakမလုပ်ဘဲ Zawgyi Font သွင်းနိုင်ပြီ

Written By Unknown on Tuesday, November 5, 2013 | 9:08 AM

မြန်မာစာထည့်သွင်းနည်း(၁)

iO7 တွင် JailBreak လုပ်စရာမလိုပဲ zawgyi font သွင်းနိုင်ပြီဖြစ်ပါတယ်။
ကိုယ်တိုင်စမ်းပြီးပါပြီ။
Browser မှာတော့မပေါ်သေးပါဘူး။ Facebook App နဲ့ Viber , Phone Contact , Phone Message တို့မှာ မြန်မာလိုမြင်နိုင်ပြီဖြစ်ပါတယ်။
အောက်ကလင့်လေးကို Phone ရဲ့ Safari ကနေ၀င်လိုက်ရုံပါပဲ
ပြီးရင် install လုပ်လိုက်ရင် ရပါပြီ။
http://d.pr/f/M8Es+
mobileConfig file ရေးပေးတဲ့ ကိုသန့်သက်နဲ့ share ပေးတဲ့ ကိုစေတန်တို့ကို ကျေးဇူးအထူးတင်ပါတယ်


မြန်မာစာထည့်သွင်းနည်း(၂)


iOS 7 မှာ ဇော်ဂျီဖောင်ကို ဂျေးဘရိတ် ( jailbreak ) မလုပ် ဘဲ ထည့်လို့ရတဲ့ နောက်ထပ် Tool တစ်ခုပါ။ အရင်ဆုံး iDevices ကိုအင်တာနက်ချိတ်ဆက်ထားပါ။ ပြီးရင် iOS 7 ရဲ့ Safari Web Browser ကနေ http://cl.ly/311I2y3T0t2w ကို ဝင်လိုက်ပါ။ အပေါ်က ပုံထဲကအတိုင်းပေါ်လာပါမယ်။

ပြီးရင် install လုပ်ပါ ပြီးတာနဲ့ iOS 7 ရဲ့နေရာတိုင်းမှာ မြန်မာစာကို ဇော်ဂျီနဲ့ ဖတ်လို့ရသွားပါပြီ။ မြင်ရပါပြီ။ အခု mobile config ဖိုင်လေးကိုဖန်တီးသူကတော့ ကိုSezin Lynn ဖြစ်ပြီး Font ကတော့ MMF က ကို DJ Joe Man ရဲ့ ဇော်ဂျီသရဲဖောင့်ကိုအသုံးပြုထားတယ်လို့ဆိုပါတယ်။
Ref&Credit:MMAS

Font က ZawGyi တင်မဟုတ်ဘူးဗျ.... Unicodeလည်းပါသေးတယ်ဗျ......
Unicode Fontထည့်သွင်းနည်း
Unicode ကတော့ Safari ကနေပြီး http://d.pr/f/x4at+
ကို ရိုက်ထည့်ပါ။ (သို့မဟုတ်) ဤနေရာကို နှိပ်ပြီးသွားပါ။
ထိုအခါ iDevice ၏ Setting ထဲသို့ရောက်သွားပြီး MON3 Anonta1 ကို "Install" ဆိုတာကို နှိပ်လိုက်ပါ။
"Install" လုပ်ပြီးသွားတဲ့ အခါမှာ မည်သည့် App တွင်မဆို မြန်မာစာ(ယူနီကုဒ်) နှင့် ရေးသားထားသော စာများကို ကောင်းမွန်စွာ ဖတ်ရှုနိုင်ပါလိမ့်မည်။ Install လုပ်ပြီးသော်လည်း ဖတ်ရှု၍ မရသေးပါက iDevice ကို Reboot လုပ်ပါ။

**မိမိအသုံးပြုမည့် ဖောင့်ကိုသာ ရွေးချယ် Install လုပ်ပါ။ နှစ်ခုလုံး ထည့်ထားပါက ယူနီကုဒ်ဖောင့်သာလျှင် အလုပ်လုပ်ပါလိမ့်မည်**


ပြန်လည်ဖျက်ပစ်လိုပါက Settings -> General -> Profiles -> Remove နှင့် ဖျက်ပစ်နိုင်ပါသည်။

ယခုကဲ့သို့ မြန်မာဖောင့်ကို သွင်းယူပြီးသော်လည်း "Safari Browser" တွင် မြန်မာဆိုက်များအား ဖတ်ရှုရာတွင် မြန်မာစာ မပေါ်သေးပါ။ မြန်မာလို မှန်ကန်စွာ ဖတ်ရှုနိုင်ရန် အောက်ပါအတိုင်း ဆက်လက်၍ လုပ်ဆောင်ပါ..

Safari Browser တွင်ပြင်ဆင်နည်း

  • ပထမဦးစွာ "Safari" ကို ဖွင့်ပြီး မြန်မာဆိုက် တစ်ခုကိုဖွင့်ပါ၊ ထိုနောက် Add Bookmark ကို နှိပ်ပြီး Bookmark ပုံကို ရွေးလိုက်ပါ။

  • Location ကို Bookmarks တွင်ထားပါ။ အမည်ကို "Zawgyi Force" ဟု ပေးပြီး "Save" လုပ်ပေးလိုက်ပါ။



  • Bookmark icon Bookmark ကို နှိပ်၍ "Bookmarks" ထဲက "Edit" ကို နှိပ်ပါ။



  • "Zawgyi Force" ကို ရှာပါ၊ တွေ့ရင် Address နေရာတွင် အောက်ပါ code များကို Copy ကူးယူ၍ Replace လုပ်ပါ။

    • javascript:(function () {var css = document.createElement("style");css.type = "text/css"; css.innerHTML = "body,html,p,textarea,input,* {font-family: 'Zawgyi-One' !important}";document.body.appendChild(css); for (k = 0; k < document.getElementsByTagName('frame').length; k++) { document.getElementsByTagName('frame')[k].contentDocument.body.appendChild(css);} })();


  • "Save" လုပ်ပါ။

  • အသုံးပြုနည်းကတော့ မြန်မာစာ မပေါ်သော မည်သည့် ဆိုက်ကိုမဆို အရင်သွားပြီးတာနဲ့ "Bookmarks -> Zawgyi Force" ကို နှိပ်လိုက်ပါ။



    အခုဆိုရင် မြန်မာစာများ အလိုလျှောက် ပြောင်းလဲသွားပြီး Safari Browser တွင် မှန်ကန်စွာ ဖတ်ရှုနိုင်ပါပြီ။


Video Tutorial






မြန်မာစာ ရေးနိုင်ရန် ကီးဘုတ်အတွက်တော့ ကျွန်တော်တို့ ဆက်လက် မျှော်လင့်ကြပါဦးစို့...

ယခုကဲ့သို့ မြန်မာစာကို အဆင်အပြေဆုံးဖြစ်အောင် စီစဉ်ဖန်တီးပေးသူ "ကိုသန့်သက်ခင်ဇော်" နှင့် Safri တွင် ဖတ်နိုင်ရန် လမ်းပြပေးသော "ကိုထိန်လင်းရွှေ (ကိုစေတန်)" တို့ကို အထူးအထူးပင် ကျေးဇူးတင်ရှိပါတယ်...

ဤသတင်းကို ကနဦး ရေးသားပေးသူ "ကိုစေတန်" နှင့် ညကြီးမင်းကြီး ကျွန်တော် အိပ်ယာဝင်ခါနီးမှ FB တွင် Tag လုပ်ပြီး သတင်းပေးလာသူ သူငယ်ချင်း "ကိုကမ္ဘာ့ဖျာ" တို့ကိုလည်း ကျေးဇူးအထူးပဲတင်ပါတယ်။

ကျွန်တော်တို့လို iDevice သုံးစွဲကြသူများ အနေနှင့်လည်း Developer များကို အားပေးကူညီကြတဲ့ အနေနဲ့ App များကို ဝယ်ယူသုံးစွဲကြပါလို့ "မိုးသိကြား" ဘလော့ခ်မှနေ၍ လေးလေးနက်နက် တိုက်တွန်းလိုက်ပါရစေ....


Special Credit to : ကိုစေတန် (blog.saturngod.net)

0 comments:

Post a Comment

Template information

Facebook Group ၀င်ရန်အောက်ကပုံကိုကလစ်ပါ

ဧည့်သည်တော်များ

My Blog

Copyright ©2013 ပျဉ်မနားသား. Created By Htet Aung Moe(P.M.A)

Total Pageviews

Contact Form

Name

Email *

Message *

Visitors Counter

Androidပေါ်တွင်ကြည့်ရှုရန်

Donate US On PayPal

Copyright © 2013 ပျဉ်းမနားသား.Created By:Htet Aung Moe. Powered by Blogger.

Myanmar Calendar

Ads 468x60px

Social Icons

iPhoneပေါ်တွင်ကြည့်ရန်

Followers