Home » » သင့်Computer,Tablet,Phoneတွေမရောင်းခင်ပြုလုပ်ရမည့်အချက်များ။
သင့်Computer,Tablet,Phoneတွေမရောင်းခင်ပြုလုပ်ရမည့်အချက်များ။
Written By Unknown on Tuesday, September 17, 2013 | 9:58 AM
သင့်ရဲ့PC,Tablet,Phoneတွေကိုတစ်စုံတစ်ယောက်ကိုရောင်းတော့မယ်ဆိုရင်သင့်ရဲ့
Personal Dataတွေပါမသွားအောင်ပြုလုပ်သင့်တဲ့အချက်တွေရှိပါတယ်။
ဖျက်လိုက်တဲ့ဒေတာတွေကို ပြန်ရှာနည်းတွေ  ရှိပါတယ်။
အဲဒီအတွက် သင့် Device တွေကို မရောင်းခင်ပြုလုပ်သင့်တဲ့အချက်တွေကို အောက်မှာလေ့လာပါ။
Personal Data တွေကို Backup လုပ်ပါ။
သင့် Computer ကို တစ်ခြားသူဆီမရောင်းခင် အရေးကြီးဒေတာတွေကို Backup လုပ်ပါ။Backup Manager ဆော့ဝဲတွေကိုအသုံးပြုနိုင်ပါတယ်။ Windows 8 မှာ File History Feature ကိုအသုံး ပြုနိုင်ပါတယ်။
2_thumb3
Smart Phone,Tablet တွေကိုBackupလုပ်ဖို့အတွက်Android,iOS နှစ်မျိုးလုံးသုံးလို့ ရတဲ့ Moborobo  ဆိုတဲ့ Windows Software ကိုသုံးနိုင်ပါတယ်။
3_thumb[1]
DRM Purchases တွေကို Deauthorize လုပ်ပါ။
Onlineက၀ယ်ယူထားတဲ့သီချင်းတွေ၊ဆော့ဝဲတွေစတဲ့Digital Content တွေကလည်း ထည့်သွင်းစဉ်းစားရမယ့်အချက်ပါ။တစ်ချို့ပစ္စည်းတွေက Digital Rights Management(DRM) နည်းပညာပါရှိပြီးသင့် ကွန်ပြူတာကို အမှတ်အသားလုပ်ထားတာဖြစ်ပါတယ်။
ကွန်ပြူတာကို Deauthorize လုပ်ဖို့  DRM application ကို အသုံးပြုရမှာပါ။ ဥပမာအားဖြင့် iTunes မှာ Store menu ကနေ Deauthorize This Computer ကိုနှိပ်ရမှာပါ။ကံကောင်းတဲ့အချက်ကတော့ Deauthorize လုပ်ဖို့ မေ့ခဲ့ရင် နောက်ပိုင်းမှ Deauthorize လုပ်နိုင်ဖို့  iTunes ကပြုလုပ်ပေးထားပါတယ်။
itunes-deauthorize-computer
Smart Phones တွေမှာတော့ DRM activation လို တဲ့ Service တွေမရှိသေးပါဘူး။အဲဒီအတွက် Smart Phone တွေမှာတော့ ဒီကိစ္စကိုထည့်သွင်းစဉ်းစားစရာမလို ပါ။
Drive ကို Wiipe လုပ်ပါ။
ဒီအပိုင်းမှာတော့ HDD Drive တွေ အသုံးပြုတဲ့ Windows 7 နဲ့  အရင်ဝင်းဒိုးတွေအတွက်အကျုံးဝင်ပါတယ်။တကယ်လို့ သင့်ကွန်ပြူတာဟာ SSD Drive တပ်ဆင်ထားရင် ၊ Windows 8 PC,Tablet,Smart Phone တွေအတွက်ဆိုရင် နောက် အပိုင်းကိုကျော်ဖတ်ပါ။
HDD Drive တပ်ဆင်ထားတဲ့ ကွန်ပြူတာမှာဆိုရင် ဖိုင်တွေကို ရိုးရိုးဖျက်ပစ်ရုံနဲ့ မလုံလောက်ဘဲ သင့်ကွန်ပြူတာကိုဝယ်ယူသွားသူကသင့်ဖိုင်တွေကိုပြန်ရှာနိုင်ပါတယ်။အဲဒီအတွက် DBan လို Tool မျိုးကိုသုံးနိုင်ပါတယ်။DBan က သင့် Drive တစ်ခုလုံးကို ဖျက်ဆီးပစ်မှာဖြစ်ပြီး တစ်ချို့ စက်တွေမှာပါရှိတဲ့ Recovery Partition ကိုပါဖျက်ဆီးပစ်မှာပါ။အဲဒီအတွက် သင့် Personal Data တွေသူများတွေ ပြန်ရှာမတွေ့ နိုင်တော့ပါ။
image241
SSD Drive တပ်ဆင်ထားတဲ့ ကွန်ပြူတာတွေ မှာတော့ ဖိုင်တွေကို ဖျက်လိုက်ရင် TRIM Command ကိုအသုံးပြုပြီးချက်ချင်းဖျက်လိုက်တာပါ။ပြန်ရှာလို့ လည်းမရပါဘူး။အဲဒီအတွက် သင့်ကွန်ပြူတာက SSD Drive ဆိုရင် Wipe လုပ်ဖို့ မလို ပါ။
Windows 8 အသုံးပြုသူတွေအတွက်တော့ အသစ်ပါရှိလာတဲ့ Feature တစ်ခုဖြစ်တဲ့ Refresh & Reset ကိုသုံးနိုင်ပါတယ်။ Refresh & Reset က သင့် Hard Drive တွေကဒေတာတွေကို ပြန်ရှာမရအောင် Wipe လုပ်ပေးနိုင်ပါတယ်။
windows-8-reset-fully-clean
Smart Phone, Tablet တွေမှာတော့ Factory Reset option ကိုသုံးနိုင်ပါတယ်။Android မှာ Settings>Backup & reset>Faactory data reset ကိုနှိပ်ပါ။ iOS မှာ Settings>General>Reset>Erase All Content and Settings ကိုနှိပ်ပါ။ Mobile Devices တွေ ဟာ Solid State Storage(SSD) ကိုအသုံးပြုတာကြောင့် သင့်ဒေတာတွေကို သူများပြန်ရှာတွေ့ မှာစိုးရိမ်စရာမလို ပါ။
android-factory-data-reset
အပေါ်ကနည်းတွေကို ပြုလုပ်ပြီးပြီဆိုရင်တော့သင့် Devices တွေဟာ စက်ရုံထုတ် အသစ်အတိုင်းဖြစ်သွားပါပြီ။သင့် Device တွေကို တစ်ခြားသူကို ရောင်းချနိုင်ပါပြီ။သင့်ဒေတာတွေကို တစ်ခြားသူ ပြန်ရှာတွေ့ မှာစိုးရိမ်စရာမလို တော့ပါဘူး။
Credit&Ref:http://www.mmithelper.com/2013/09/computertabletphone.html
0 comments:
Post a Comment
Template information
Facebook Group ၀င်ရန်အောက်ကပုံကိုကလစ်ပါ
ဧည့်သည်တော်များ
My Blog
Copyright ©2013 ပျဉ်မနားသား. Created By Htet Aung Moe(P.M.A)
Total Pageviews
Contact Form
Name
Email *
Message *
Visitors Counter
Androidပေါ်တွင်ကြည့်ရှုရန်
Donate US On PayPal
Copyright © 2013 ပျဉ်းမနားသား.Created By:Htet Aung Moe. Powered by Blogger.
Myanmar Calendar
Ads 468x60px
Social Icons
iPhoneပေါ်တွင်ကြည့်ရန်
Followers