Posted By: HtetAungMoe
အသစ်ဖြန့်ချိမည့် Android mobile operating system ၏ အမည်ကို KitKat ဟုခေါ်ဆိုမည်ဖြစ်ကြောင်း Google ကုမ္ပဏီ၏ Android နှင့် Chrome ဌာနမှ အကြီးအကဲဖြစ်သူ ဆွန်ဒါပီချိုင်းက အတည်ပြုခဲ့သည်။
အသစ်ဖြန့်ချိမည့် Android mobile operating system ၏ အမည်ကို KitKat ဟုခေါ်ဆိုမည်ဖြစ်ကြောင်း Google ကုမ္ပဏီ၏ Android နှင့် Chrome ဌာနမှ အကြီးအကဲဖြစ်သူ ဆွန်ဒါပီချိုင်းက အတည်ပြုခဲ့သည်။
KitKat သည် Nestle က ထုတ်လုပ်သည့်
ချောကလတ်တောင့်များ၏ ကုန်အမှတ်တံဆိပ်ဖြစ်သည်။ သို့သော်လည်း ယခင်သတ်မှတ်ထားသည့် Key
Lime Pie အစား KitKat ကို Android 4.4 ၏ codename အဖြစ်
အသုံးပြုသွားမည်ဖြစ်ကြောင်း Android KitKat ၏ ဝက်ဘ်စာမျက်နှာတွင် ဖော်ပြထားသည်။
Google သည် Android 4.4 ၏ codename
ကို Key Lime Pie ဟုခေါ်တွင်ရန် ယခင်က သတ်မှတ်ထားသော်လည်း key lime pie မုန့်၏
အရသာကို လူအနည်းစုသာ သိရှိသည့်အတွက် အခြားအမည်တစ်ခုဖြင့် အသုံးပြုရန်
ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
Google က ဖြန့်ချိခဲ့သည့် ယခင်
Android ဗားရှင်း၏ အမည်များမှာ Cupcake, Éclair, Donut, Froyo, Gingerbread,
Honeycomb,Ice Cream Sandwich နှင့် Jelly Bean တို့ဖြစ်သည်။
Ref&Credit: Internet Journal
0 comments:
Post a Comment