ဒီပို့စ်ကကျနော့် ရဲ့ပထမဆုံးစရေးဖူးတဲ့ပိုစ့်ပါ...ကျနော်တိုင်ပတ်ပီးစမ်းသပ်အောင်မြင်ထားတာလေးပါ.
.....ဟုတ်ကဲ့ အရင်ဆုံး..htc တလုံးးကို ruu ပြန်တင်မယ်ဆိုရင် cid သိဖို့လိုပါတယ်...ကိုယ့်ဖုန်းရဲ့ cid ပေါ့...cid ကိုနားလည်သလောက်ပြောရရင် carrier ကို ကိုယ်စားပြုတဲ့သင်္ကေတ ပေါ့ဗျာ..ကျနော်နားလည်ထားတာက..cid ကိုသိမှ ကျန်တာဆက်လုပ်လို့ရမှာလေ..cid ကတော့ဖုန်းတလုံးနဲ့တလုံးမတူကြဘူးဗျ.. အရင်ဆုံး cid ကိုသိဖို့အတွက် fastboot လိုတယ်ခင်ဗျား
fastboot ကို ဒီမှာ ဒေါင်းပါ။
ပီးရင်ဇစ်ဖြည်လိုက်ပါ......ဖုန်းကို bootloader ကိုသွားပါမယ် ဖုန်းကိုပါဝါပိတ်လိုက်ပါ...power နဲ့ vol down ကိုတွဲံနှိပ်ထားလိုက်ပါ bootloader ထဲကိုရောက်သွားပါမယ်....power တချက်နှိပ်လိုက်ပါ..fastboot ထဲကိုရောက်သွားပါလိမ့်...ဒါဆိုကြိုးထိုးးးPC နဲ့ချိတ်လိုက်ပါ fastboot usb ဆိုပီးပြောင်းသွားပါလိမ့်မယ်...ဒါဆိုရင်စောစောကဇစ်ဖြည်ထားတဲ့ fastboot folder ကိုဖွင့်လိုက်ပါ.....ပီးရင် folder ထဲတွင် shift ကိုဖိပီး right click နှိပ်ပါ..open commond window here ကိုနှိပ်ပါ....fastboot getvar cid ဟုရိုက်ပါ..အဆင်မပြေလျှင် fastboot oem readcid ဟုရိုက်ပါ။ မိမိဖုန်းရဲ့ cid ကိုတွေ့ရပါမယ်...ဒါဆို
ဒီလင့်ခ်မှာမိမိဖုန်း cid ကိုသွားရှာပါ...ဒီနေရာမှာကျနော့်ဖုန်းက one x ဖြစ်ပီး cid-044 ဖြစ်တာကြောင့် HTC-Asia-SEA-WWE HTC__044 ဖြစ်တယ်..carrier သိပီဆိုရင် မိမိဖုန်းရဲ့ ruu version ကိုရှာရပါမယ်..version သိဖို့အတွက် အပ်ါကဇစ်ဖြည်ထားတဲ့ fastboot folder ထဲကိုပြန်ဝင်ပါ ဖုန်းကို fastboot ၀င်.cid ရှာတုန်းကလိုပဲ..commond ပေးရပါမယ်
fastboot getvar version-main ဟုရိုက်ထည့်ပါ။
မိမိဖုန်းရဲ့ version ကိုရပါပီ..ရေးမှတ်ထားပါ..ဒါဆို ruu ရှာလို့ရပါပီ htc မှာ RUU က code name တွေနဲ့လာပါတယ်....မိမိဖုန်းရဲ့ code name ကိုတော့ bootloader ထဲမှာ ရှာလို့ရပါတယ်..ထိပ်ဆုံးမှာရေးထားပါတယ ဒီလင့်ခ် ၀င်ရှာလို့လဲရပါတယ်
ဒါဆို carrier,version ရယ်, code name ရယ်သိပီဆိုတော့ RUU ရှာလို့ရပါပီ.. ဒီလင့်ခ် ကိုသွားပါ
မိမိဖုန်းရဲ့ code name ကိုရွေးလိုက်ပါ.....ပီးရင် မိမိဖုန်းရဲ့ version နဲ့ ကိုက်တာကိုရွေးဆွဲလိုက်ပါ....ဗားရှင်းမှာအရေးကြီးတာကတော့ တတိယနံပါတ်ပဲခင်ဗျ...ကျနော့်ဖုန်း onex ရဲ့ version က 3.14.707.24 ဖြစ်တာကြောင့် တတိယနံပါတ်ဖြစ်တဲ့ 707 ကအရေးကြီးဆုံးပဲခင်ဗျ..တတိယနံပါတ်တူတာကိုပဲ ဆွဲရပါမယ်...နောက် htc တွေမှာ version နိမ့်တာကိုတင်လို့မရပါဘူး..လက်ရှိversion..နဲ့သူ့ထက်မြင့်တာကိုပဲတင်ခွင့်ပေးပါတယ်...အမြင့်ကနေအနိမ့်
ကိုပေးမဆင်းပါဘူးးးးဒါကြောင့်မိမိဖုန်းနဲ့ကိုက်တာကို ရွေးပီးးးဆွဲပါ။ ဆွဲပီးသွားပီဆိုရင် မိမိဖုန်းက root လုပ်ထားတယ်ဆိုရင် bootloader unlock ဖြစ်နေပါတယ်....ဒါဆို bootloader ကိုrelock ပြန်လုပ်ပေးရပါမယ်။stockrecovery ပြန်သွင်းပေးရပါတယ်....ကဲ..ကျနော့်ခေါင်းစဉ်လေးကိုဆက်
လိုက်ပါဦးမယ်... RUU ဆွဲပီးသွားပီဆိုရင်ပထမဆုံးစလုပ်ရမှာက RUU ကနေ rom zip ကိုခွဲထုတ်ရပါမယ်....ROM ZIP ကိုခွဲဖို့အတွက်ပထမဆုံးးးးးးးးးးးးး RUN BOX ကိုဖွင့်ပါ...window + R ပေါ့....RUN BOX မှာ %temp% ဟုရိုက်ထည့်ပါ.... tempထဲမှာရှိတာမှန်သမျှကိုအရင်ဆုံးးးးးးးရှင်းးထားလိုက်ပါ...ရှင်းပီးပီဆိုရင်တော့ pc မှာမည့်သည့်ဖုန်းမှ ချိန်မထားရန်လိုပါသည်။ စောစောက ဒေါင်းထားတဲ့ RUU ကို run လိုက်ပါ...
အဆင့်(၁)
အဆင့်(၂)
အဆင့်(၃)
အဆင့်(၄)
အဆင့်(၅)
ဒီအဆင့်ရောက်ပီဆိုရင်နောက်တဆင့်မှာ RUN BOX ထဲကနေ %temp% ကိုသွားပါ
ပုံထဲကအတိုင်းးးးrom zip ကိုရှာပီး copy ယူထားလိုက်ပါ........ဒါပီးရင် ruu ကိုပြန်ပိတ်လို့ရပါပီ
rom zip ကိုခွဲထုတ်ပီးသွားပီဆိုရင် zip ဖြည်လိုက်ပါ......ဇစ်ဖြည်ရန်အောက်မှာ universal extractor software ကိုဒေါင်းပေးပါ..http://legroom.net/software/uniextract
ဒေါင်းပီးရလာတဲ့ exe ကို run ပီး ဇစ်ဖြည်လိုက်ပါ
ဇစ်ဖြည်ပီး ရလာတဲ့ img တွေထဲက signed_recovery.img, boot.img, system.img ကို ကော်ပီယူပီးး
fastboot folder ထဲထည့်ပါ။ ပီးလျှင် fastboot folder ကိုဖွင့် shift ကိုနှိပ်ပီး right click နှိပ်ပီး open commond window here ကိုဖွင့်ပါ....ပီးတော့ဖုန်းကို fastboot ၀င်ပြီး အောက်ကအတိုင်း commond ပေးပါ...
fastboot flash recovery signed_recovery.img
fastboot flash boot boot.img
fastboot flash system system.img
fastboot erase cache
fastboot oem lock
commond ကိုသေသေချာချာပေးပါ...တခေါက်မရရင် နှစ်ခေါက်ပေါ့ဗျာ...finished လို့ပေါ်ရင်တော့အောင်မြင်ပီပေါ့ဗျာ....
ဒါဆိုဖုန်းကို fastboot မှာထားပီ စောစောကဒေါင်းထားတဲ့ruu ကို run လိုက်ပါ.......
ဒါအဆင့်ရောက်ပီဆိုရင်တော့ ruu တင်တာအောင်မြင်သွားပါပီ..........HTC တချို့ဖုန်းတွေ CUSTOM တင်ရင် ERROR ဖြစ်တတ်ပါတယ်...ဖြစ်ခဲ့ရင် သူရဲ့ RUU ကိုပြန်တင်မှအဆင်ပြေတတ်ပါတယ်...ကျနော်ကတော့ဒီနည်းအတိုင်းအဆင်ပြေခဲ့တာပါ.....ဒီနည်းက အကယ်လို့ EROOR တက်ခဲ့မယ်ဆိုရင် RUU ဒေါင်းတာမှာတချက်ပြန်စစ်ပါ....SOFTWARE VERSION နိမ့်နေသလားဆိုတာကို...ပြန်ကြည့်ပေးပါ...ruu မှန်ခဲ့မယ်ဆိုရင် rom zip ကနေခွဲထုတ်ထားတဲ့ img ဖိုင်တွေ flash တာလွဲချော်နေတာဖြစ်ပါ့လိမ့်မယ်.....img ကို flash တာအဆင်မပြေခဲ့ဘူးဆိုရင် နောက်တနည်းရှိပါတယ်.......အဲ့ဒါကတော့ fastboot ကနေပဲ တခါတည်း rom zip ကို တင်တာပါ......ကျနော်ကတော့ အပေါ်ကအတိုင်းအဆင်ပြေသွားပါတယ်...အဆင်မပြေတဲ့သူရှိခဲ့ရင်အောက်ကနည်းကိုစမ်းကြည့်စေချင်တယ်.........
ဖုန်းကိုတော့ ထုံစံအတိုင်း fastboot ၀င်ထားပါ.....rom zip ကို fastboot folder ထဲမှာထည့်ထားပါ...ပီးတော့ commond မှာ
fastboot oem rebootRUU
ဆိုပီးပေးပါ...ဒ်ါဆိုဖုန်းက ruu mode ကိုရောက်သွားပါလိမ့်မယ်
ပီးလျှင်
fastboot flash zip rom.zip
ဟုရိုက်ပါ...ဖုန်း ဟာ flashing mode ကိုရောက်သွားပီးး သူဘာသာသူလုပ်သွားပါလိမ့်မယ် rom zip ကို flash တဲ့အချိန်မှာ error တက်ခဲ့ရင် နောက်တကြီမ်
fastboot flash zip rom.zip
ပြန်ရိုက်ပါ... finished လို့ပေါ်ရင် ပီးပီပေါ့... ဒါဆို
fastboot reboot
ဆိုပီးထက်ရိုက်ပေးပါ....
ဖုန်းကသူ့ဟာသူ restart ကျပီးပြန်တက်လာပါလိမ့်မယ်....ပီးတော့မှ သူ့ရဲ့ RUU ကို run ပီးပြန်တင်ကြည့်ပါ....အဆင်ပြေပါလိမ့်မယ်.......... pc မှာ htc sync manager လေးတော့တင်ထားပါ....မရှိခဲ့ရင်အောက်မှာဒေါင်းပါ
ပြောရရင် htc အားလုံးးးးကအခြေခံအားဖြင့်တူညီကြပါတယ်... ဒီပိုစ့်လေးကိုအခြေခံပီးတခြား htc တွေကိုလဲ RUU ရှာတာတို့...rom zip ကိုခွဲထုတ်ပီးတင်တာတိုကိုဒီနည်းအတိုင့်း ပြုလုပ်နိုင်ပါတယ်...... အကယ်တခြား htc တလုံးးးဖြစ်ခဲ့မယ်.. cid က လည်း super cid 111111 ဖြစ်ခဲ့ရင် ကြိုက်တဲ့ ruu ကို ရွေးပီးတင်နိုင်ပါတယ်ခင်ဗျာ...software version နိမ့်တာတော့မရဘူးပေါ့ဗျာ...နဂို version ဒါမှမဟုတ် သူ့ထက်မြင့်တာကို ရွေးပီး မည့်သည့် carrier ကိုမဆိုတင်လို့ရပါတယ်... ကျနော်အဆင်ပြေခဲ့တာ လေ့လာမိတာ လေးကိုပြန်ပီးထုတ်ပြတာပါ..မှားတာရှိရင်ပြောပါ..ဝေဖန်ပါ...လွဲနေတာရှိရင်တည့်ပေးပါလို့တောင်းဆိုပါတယ်.....
credit နဲ့ပတ်သတ်လို့ကတော့ ဆိုင်တဲ့သူအားလုံးကိုပေးပါတယ်ဗျာ...ကျနော်က ဟိုကလဲ ၀င်ရှာ...ဒီကလဲရှာဆိုတော့ပေးကမှာများတယ် ..ruu ရှာတဲ့နည်းကတော့ mmuc ကနေစတွေ့တာပါ...
ဒီပိုစ့်လေးကိုသဘောကျတဲ့သူ....အားပေးတဲ့သူ ရှိခဲ့မယ်ဆိုရင် htc နဲ့ပတ်သတ်ပီး ကျနော်သိထားတာလေးတွေ တင်ချင်တာလေးတွေရှိပါသေးတယ် ...custom တင်တာတို့..root လုပ်တာတို့ bootloaderunlock ,s off လုပ်တာတို့ ဆက်တင်ချင်ပါသေးတယ်...
ဒါကြောင့်အားပေးကြဦးနော်..................................................
fastboot ka down ma ya bull..........!!!!!!
ReplyDeleteပြန်တင်ထားတယ်အကို..ဒေါင်းကြည့်ပါဦး
ReplyDeleteကိုစိုင်းတော်တယ်
ReplyDelete