Pages

Pages - Menu

Friday, February 7, 2014

ဖုန်းအင်တာနက်မြန်နှုန်း မြှင့်တင်ရန် တယ်လီနော ကိုယ်ပိုင်လိုင်း တည်ထောင်မည်


နေပြည်တော်၊ ဖေဖော်ဝါရီ ၅
ပြည်တွင်းအင်တာနက် အမြန်နှုန်းနှေးကွေးမှု ပြဿနာကြောင့် တယ်လီနောက ဆက်သွယ်ရေး ဝန်ဆောင်မှုများ ပေးအပ်ရာတွင် မိုဘိုင်းလ် အင်တာနက် မြန်နှုန်းမြင့်စေရန် ကိုယ်ပိုင် အင်တာနက်လိုင်း တည်ထောင်မည်ဟု တယ်လီနောမြန်မာ၏ အမှုဆောင်အရာရှိချုပ် Petter Furberg က ပြောကြားသည်။
“လိုင်စင်ထဲမှာကိုယ်ပိုင် International Gateway တွေကိုယ်ပိုင် ငှားရမ်းခွင့်၊ တည်ဆောက် လုပ်ကိုင်ခွင့် ပါဝင်ပါတယ်။ အဲဒါကြောင့် ကိုယ်ပိုင်အင်တာနက် Gateway တည်ဆောက် လုပ်ကိုင်သွားပါမယ်။ လုပ်ငန်း စစချင်းမှာတော့ လက်ရှိ သုံးစွဲနေတဲ့ Gateway ကိုပဲမျှဝေ သုံးစွဲသွားမှာ ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။
ယင်းအပြင် အင်တာနက် အသုံးပြုခ ကောက်ခံရာတွင်လည်း Data ဖြင့် ကောက်ခံသောနှုန်းနှင့် အချိန်ဖြင့် ကောက်ခံသောနှုန်း စသည်ဖြင့် အမျိုးမျိုး သတ်မှတ်ထားမည် ဖြစ်ပြီး သုံးစွဲသူများ စိတ်ကြိုက်ရွေးချယ်ခွင့် ပေးမည်ဟု ၎င်းကဆိုသည်။
“တယ်လီနောကပေးမယ့် ဝန်ဆောင်မှုတွေမှာက ရွေးချယ်စရာမျိုးစုံ ရှိပါလိမ့်မယ်။ လူတိုင်းနဲ့ ကိုက်ညီတဲ့ ဝန်ဆောင်မှုတွေ ရပါလိမ့်မယ်။ နာရီပိုင်း သုံးချင်တဲ့သူက နာရီပိုင်းပဲ ဝယ်သုံးရမယ်။ Data သုံးချင်တဲ့သူကို Data နဲ့သတ်မှတ် ကောက်ခံမယ်။ မိနစ်နဲ့ ကောက်စေချင်သူကို မိနစ်နဲ့ ကောက်ခံမယ်” ဟု Petter Furberg ကဆိုသည်။
အင်တာနက် အမြန်နှုန်း ကောင်းမွန်စေမည်ဟု လုံးဝ ကတိပေးကြောင်း သုံးစွဲသူအပေါ် မူတည်၍ အင်တာနက်ပမာဏကို ဆက်တိုက် တိုးချဲ့သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
“အင်တာနက်က ဒီရက်ပိုင်းမှာ ပိုပိုဆိုးလာသလိုပဲ။ ဘယ်လိုမှ အဆင်ပြေပြေကို သုံးမရတာ။ သူတို့မြန်မြန်စမှပဲ ဖြစ်မယ်” ဟု ကွန်ပျူတာပညာရှင် ဦးရဲဝင့်အောင်က ဆိုသည်။
လက်ရှိ မြန်မာနိုင်ငံတွင် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက မိုဘိုင်းလ် အင်တာနက် အသုံးပြုခများကို မိနစ်အလိုက် ကောက်ခံနေပြီး နိုင်ငံတကာ တွင်မူ အသုံးပြုသော Data ပမာဏအလိုက်သာ ကောက်ခံလေ့ ရှိသည်။
Ref:The Voice Weekly
Credit To - MMAS

No comments:

Post a Comment