Pages

Pages - Menu

Sunday, February 16, 2014

အငြင်းပွားဖွယ် မရှိတဲ့ သတ္တုများ အသုံးပြုဟု Apple အခိုင်အမာ ပြောဆို


Ref : Smart Pro Journal
ပြီးခဲ့တဲ့ ရက်အနည်းငယ်က ကုမ္ပဏီရဲ့ သတင်းထုတ်ပြန်ချက်တွင် Apple ဟာသူရဲ့ ထုတ်ကုန်တွေမှာ သတ္တုအသုံးပြုမူကို အငြင်းပွားဖွယ်မရှိနိင်တဲ့ သတ္တုတွေကို
အသုံးပြုလျက်ရှိတယ်လို့ Third-party စာရင်းစစ်သူများရဲ့ ပြောကြားချက်အရ သိရပါတယ်။

ထို့ သတင်းကတော့ ကုမ္ပဏီကို ထောက်ပံထားတဲ့အချိတ်အဆက်ထဲမှာပါဝင်ပြီး multi level မှာရှိတဲ့ စာရင်းစစ်ဆေးခြင်း 451ပေါ်မှာ အခြေခံထား
တာလို့ သိရပါတယ်။

Apple ရဲ့ ထုတ်ကုန်တစ်ခုဖြစ်တဲ့ i Phone မှာဆိုရင်တော့ အာဖရိကတိုက်ဖက်ခြမ်း၊ ကွန်ဂိုနိင်ငံမှ မြောက်မြားစွာလာလေ့ရှိသော Tantalum ( tantalium) သတ္တု
တစ်မျိုးကို အသုံးပြုတယ်လို့ ဆိုပါတယ်။ ထို သတ္တုဟာဆိုရင် ဓာတု element တစ်ခု ဖြစ်ပြီး ဓာတုဗေဒနာမည် သင်္ကတ Ta ဖြင့်ဖော်ပြလေ့ရှိကာ atomic number
ကတော့ 73 ဖြစ်ပါတယ်။ အဆိုပါ သတ္တုဟာဆိုရင် ထိုဒေသမှာ ရှိတဲ့ သူပုန်အုပ်စုအချို့နဲ့ ပြသာနာ အနည်းငယ်ရှိနေခဲ့တာ ဖြစ်ပါတယ်။

Apple ဟာ သတ္တုကျိုချက်ရေးနဲ့ သန့်စင်ရေးတွေမှာ ပါတဲ့ သတ္တုတွေကို ထုတ်ပြန်ခဲ့ပါတယ်။ ဒါတွေကတော့ Tin လို့ခေါ်တဲ့ သံဖြူဒြပ်စင်၊ tantalum ၊ အဖြိုက်နက်၊
ရွှေ စသည့်တို့ ဖြစ်ပါတယ်။

Aung Heine ( www.smart.com.mm )

No comments:

Post a Comment